သတင်းများ

ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအား ယနေ့ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ် ပို့ချဆောင်ရွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး မှတ်ပုံတင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို တက်ရောက်
Mar 31,2023
မကွေးတိုင်းဒေသကြီး မှတ်ပုံတင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့ အကတိုက်လေ့ကျင့်
Mar 31,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့မှာ မတ်လဒုတိယအပတ်မှစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။
မိုင်းရယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ဥပဒေတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကျောက်ဖြူမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်ဝတ်စုံများပေးအပ်ပွဲအခမ်းအနားကျင်းပ
Mar 31,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်တူညီဝတ်စုံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်၌ ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။
ပင်းတယ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ
Mar 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  အခြေခံဂီတာတီးသင်တန်း ပြုလုပ်
Mar 31,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံဂီတာတီးသင်တန်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။