သတင်းများ

ရွှေတိဂုံစေတီတော် ၁၃၈၅ ခုနှစ် နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပမည်
Mar 31,2023
ရွှေတိဂုံစေတီတော် ၁၃၈၅ ခုနှစ်နှစ်သစ် မင်္ဂလာအခမ်းအနားကို ဧပြီ ၁၇ ရက် (တနင်္လာနေ့)၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နံနက်(၅)နာရီအချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေနံ့သာများဖြင့် ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၅ နာရီခွဲအချိန်တွင် သြဝါဒါစရိယဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီခွဲအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပခြင်းနှင့် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်များနာကြားခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းစသည့် ကောင်းမှုအစုစုတို့ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူ ပြည်သူများမှ အနုမောဒနာပြုနိုင်ကြပါရန်နှင့် ပါဝင်လှူဒါန်း ကုသိုလ်ပြုနိုင်ကြပါရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
လပွတ္တာမြို့နယ် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ရတနာဒီပ အားကစားကွင်း အတွင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့ရိုးရာအ‌ခြေခံသိုင်းပညာသင်တန်း ဖွင့်လှစ်
Mar 31,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ‌ နွေရာသီမြန်မာ့ရိုးရာအခြေခံသိုင်းပညာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့တွင် အမျိုးသား​ဆေးဝါးဥပ​ဒေ၊​ ကောင်းမွန်​သော​ဆေးဝါး​ရောင်းချမှုကျင့်စဥ် သိ​ကောင်းစရာများ အသိပညာမြှင့်တင်ခြင်း သင်တန်းကျင်းပ                                                        
Mar 31,2023
ပဲခူးမြို့ရှိ လက်လီ/လက်ကား ​ဆေးဝါး​ရောင်းချသည့်​ ဆေးဆိုင်ပိုင်ရှင်များအား အမျိုးသား​ဆေးဝါး ဥပ​ဒေ၊ ကောင်းမွန်​သော ​ဆေးဝါး​ရောင်းချမှုကျင့်စဥ်နှင့် ကောင်းမွန်သောဆေးဝါး သို​လှောင်မှု ကျင့်စဥ်တို့၏သိကောင်းစရာများ အသိပညာမြှင့်တင်ခြင်းသင်တန်းကို ယ​မန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအ​သောက်နှင့်​ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Mar 31,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ပြည်သူများစာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကျင်းပပြုလုပ်
Mar 31,2023
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌​ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နွေရာသီ အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သင်တန်းဆင်းပွဲကို ယမန်နေ့ နေလယ်ပိုင်း အချိန်က အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်သည်။