ကျောက်ကြီး ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ (၂၅)ကြိမ်မြောက် အစိုးရ ပါဠိပထမပြန် စာမေးပွဲဖြေဆိုသံဃာများအား ယနေ့နေ့လယ် ၁၂ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်စီမံမှုဖြင့် Royal -D အချိုရည်အအေးဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါဆက်ကပ်လှူဒါန်းမှုကို ကျောက်ကြီးမြို့နယ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက (၂၅)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုကြသည့် စာဖြေသံဃာ(၂၈)ပါးအား အေးချမ်းစွာဖြေဆိုနိုင်ရေး၊ ပူပြင်း၍ ချွေးထွက်များမှု သက်သာစေရေးတို့ ရည်ရွယ်ပြီး Royal-D အချိုရည် အအေးဘူးများ ဆက်ကပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်