နမ္မတူ ဧပြီ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ အုပ်စုအတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ ဒဿမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါန ဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် (၉)နာရီ ခွဲအချိန်က အဆိုပါစေတီ တော်မြတ်ကြီးရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းလောင်းလှူပွဲတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စေတနာရှင် သဒ္ဒါရှင် ကုသိုလ်ရှင် ဘုရား ဒါယိကာ/ဒါယိကာမအပေါင်းတို့က ပင့်သံဃာတော် အပါး ၁၀၀ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် ၃၈ပါး စုစုပေါင်း ၁၃၈ပါးတို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆပ်ကပ်လောင်းလှူခဲ့ပြီး၊ ဆရာတော်အရှင်သူမြတ်များထံမှ ဆွမ်းအနုမောဒနာတရားတော်များ နာကြားခဲ့ကာ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)