သတင်းများ

မြို့သန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဥ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Apr 04,2023
လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်အတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကြီးကြပ်၍ နေ့စဥ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲစာအောင်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ​ယမန်နေ့ ညနေ ၃ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် တိုင်ထောင်ပဲတောင့်ရှည်တစ်ပိသာ ငွေကျပ် (၂၀၀၀) ဈေးအထိ ရောင်းချရသဖြင့် ပဲတောင့်ရှည်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး မီးဖိုချောင်သုံး သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ယခုအခါ တိုင် ထောင်ပဲတောင့်ရှည် တစ်ပိသာငွေကျပ် (၂၀၀၀) ဈေးအထိ ရောင်းချရသဖြင့် ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိသည်။
ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ တန်ခူးလပြည့်နေ့အရုဏ်ဆွမ်း လောင်းလှူ
Apr 04,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်နှင့် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်း အစဉ်အလာမပြတ်အရုဏ်ဆွမ်းလောင်း လှူခြင်းကို ယနေ့ တန်ခူးလပြည့်နေ့ နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ကြောင်း သိရသည်။
မုံးကိုးမြို့တွင် Asian Harm Reduction Network အဖွဲ့အစည်းတို့က အမျိုးသမီးများနှင့်ပတ်သက်သော သားအိမ်ခေါင်းကင်ဆာ သိမှတ်စရာဟောပြောပွဲနှင့် သားအိမ်စစ်ဆေးခြင်းပြုလုပ်
Apr 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် Asian Harm Reduction Network အဖွဲ့ဝင်ဖြစ်သော ဒေါက်တာကျော့၊ ဒေါက်တာစိမ့်၊ ဆရာမလဲ့နှင့် ဆရာမထွယ်တို့က အမျိုးသမီးများနှင့်ပတ်သတ်သော သားအိမ်ခေါင်းကင်ဆာ သိမှတ်စရာဟောပြောပွဲနှင့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းကို ယနေ့မနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ  စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့  နေ့လည်ပိုင်းက ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 04,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ယုံကြည်စိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍  စားသုံးသူရေးရာအသိပညာပေး(Talk Show) ပွဲအစီအစဉ်ပြုလုပ်
Apr 04,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ယုံကြည်စိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ စားသုံးသူရေးရာအသိ ပညာပေး (Talk Show) ပွဲအစီအစဉ် ကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။