ဝါးခယ်မမြို့နယ်၌ အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား COVID-19 Second Booster ထိုးနှံပေး

ဝါးခယ်မ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား COVID-19 Second Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံကြီးတွင် စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား COVID-19 Second Booster ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးစတင် မထိုးနှံမီ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုများပြုလုပ်ခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးသူများအား နာရီဝက်ခန့် နားနေစောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)