သတင်းများ

မင်းလှမြို့နယ်တွင် ခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် သင်ရိုးသစ်ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့က မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ ယနေ့နံနက် ၉ နာရီက သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြှိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူ (ခွံနီ)စံကွက်ရိတ်သိမ်းခြင်းနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များ ကြည့်ရှုစစ်ဆေး
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဆောင်းကြက်သွန်ဖြူ စံကွက်ရိတ်သိမ်းခြင်းကို နမ့်မော်ဆွမ့်ကျေးရွာ ရှိ တောင်သူ ဦးစိုင်းထွန်း၏ လယ်မြေနေရာတွင် လင်း‌‌ခေးခရိုင်နှင့် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centr)ခန်းမ၌ "စားသုံးသူအသိပညာပေး" TALK SHOW ဆောင်ရွက်
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက "စားသုံးသူ အသိပညာပေး" TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ဆားဂွန်းကျေးရွာတွင် နွေ၊ မိုး၊ ဆောင်း အဆင်ပြေစွာသွားလာနိုင်သည့် ကျောက်ရောမြေခင်းလမ်းဖွင့်လှစ်
Mar 23,2023
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာတွင်း လမ်းအရှည် (၃၁၆၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက္မရှိ ကျောက်ရောမြေခင်းလမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင်ဆရာ/ဆရာမ များ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်‌ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့်
ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်မီဒီယာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်မီဒီယာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာပေများ ပြသ
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၈) နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြသောအားဖြင့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာပေများ ပြသထားကြောင်း သိရသည်။