သတင်းများ

သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌  လူငယ်ရေးရာအသိပညာပေး (Talk Show) ကျင်းပ
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တောင်ငူမြို့၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ မြို့မအ‌ခြေခံပညာအလယ်တန်းကျောင်းခွဲ၌ တောင်ငူခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်ပညာရေးမှူရုံးတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Mar 23,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင်လစဉ် ၂၁ ရက်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးရေးဘဏ်မှ သိရသည်။
မူဆယ်မြို့တွင် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင်လစာငွေ ပုံမှန်ထုတ်ပေး
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့်အလျောက် ကိုယ်ပိုင်စီးပွားရေးသမားများနှင့် ကုန်သွယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ များပြားလျက်ရှိပြီး နိုင်ငံဝန်ထမ်းများ နည်းပါးသော်လည်း လစဉ် (၂၁)ရက်နေ့မှ စတင်၍ နောက်လဆန်းပိုင်းအထိ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက်၌ ရှမ်းစာပေသင်ကြားခြင်းဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် နွေရာသီကျောင်းပိတ် ရက်၌ မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများက ရှမ်းစာပေသင်ကြားလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများတက်ရောက်
Mar 23,2023
မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကိုမိုးလုံလေလုံ ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်း၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/ သူများ၊အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းစစ်ဆေး
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက် ၉ နာရီက ဆိပ်ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်၌ အခြေခံပညာအထက်တန်းနှင့်အလယ်တန်း ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံရက်တို သင်တန်းဖွင့်လှစ်
Mar 23,2023
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  ပညာရေးဝန်ထမ်းများအား သင်ကြားမှုစွမ်းရည် တိုးတက်မြင့်မားစေရန်ရည်ရွယ်၍