သတင်းများ

မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Mar 23,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီက ဖူရှင်းရော်ဘာစက်ရုံ၌ ပြုလုပ်သည်။
မိုင်းယောင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
မြို့သစ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများသိရှိရမည့် အကြောင်းအရာများအား သိရှိစေရန်အတွက် ယမန်နေ့ညနေက မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ ဝင်များမှ မြို့ပေါ်ရပ်ကွက်များအတွင်း
သိန္နီမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကောင်းဟော်ကျေးရွာအုပ်စု၊ နောင်အွန်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေး
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီမှစ၍ ခြေတော်ရွာကျေးရွာအတွင်းရှိ မွေးမြူရေးခြံများတွင် သွားရောက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ရာသီပေါ်ဒန့်သလွန်သီးများစျေးကောင်းရရှိ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူအများစုက ပြင်ပလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာ ဥယျာဉ်ခြံများနှင့် နေအိမ်ခြံအတွင်း၌ ရာသီပေါ်သီနှံများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချရာမှ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း အခုအချိန် ဒန့်သလွန်သီး ပေါ်ချိန်ဖြစ်၍ ဒန့်သလွန်သီးများ ခူးဆွတ်ရောင်းချကြကြောင်း သိရသည်။
အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်လှစ်
Mar 23,2023
အခြေခံပညာဘာသာရပ်သင်ရိုးများ ပို့ချရာတွင် အခက်အခဲမရှိစေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် နားပန်‌ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်‌ ဆောင်ရွက်သည့်လုံလိုင်းအုပ်စု၊ နားပန်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။