ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲ ကျင်းပ

ဒဂုံအရှေ့    မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အထိမ်းအမှတ်နေ့များအလိုက်အသိညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီ ရုံးအဖွဲ့မှူးဦးဝင်းသိန်းက တပ်မတော်စတင်ဖွဲ့စည်းထားရှိသည့်သမိုင်းကြောင်း၊ တပ်မတော်၏အစဥ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်၏အား(၁၀)ပါးတပ်မတော်၏တာဝန်ကြီး(၃)ရပ်၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ဇူလိုင်လ ၁၃ ရက်နေ့မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်ဖြစ်သည့် စွမ်းအားရှိသမျှကာကွယ်ပေးမယ်"  အစရှိသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ(၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)