မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို

ပျဉ်းမနား မတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ယနေ့ မွန်းလွဲပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁) ဘာသာရပ်တွင်  စာရင်းသွင်း သံဃာတော်များနှင့် သီလရှင် (၂၆၉)ပါးရှိပြီး ဖြေဆိုသူ (၂၃၄)ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြသည်။ စာဖြေသံဃာတော်များနှင့် သီလရှင်များ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုနေမှုအား ဩဝါဒစရိယ ဆရာတော်ကြီး (၄)ပါး၊ အထူးကြီးကြပ်ရေးဆရာတော်(၉)ပါး၊ ကြီးကြပ်ရေးဆရာတော်(၁၂)ပါး၊ နေပြည်တော်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း  မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)