သတင်းများ

ဟုမ္မလင်း၌ လက်ဖက်တောင်သူများအား Farmer to Farmer Exchange Programme အစီအစဉ်ဖြင့် အတွေ့အကြုံနှီးနှောဖလှယ်ခြင်းနှင့်မြေပြင် ကွင်းဆင်း သရုပ်ပြသ
Mar 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေး၌ ယနေ့နံနက် ၉:ဝဝ နာရီအချိန်တွင် Farmer to Farmer Exchange Programme ဖြင့် လက်ဖက်စိုက်တောင်သူများအား ဖိတ်ခေါ်၍ လက်ဖက်စိုက် တောင်သူများအချင်းချင်း အတွေ့အကြုံ နှီးနှောဖလှယ်ခြင်းနှင့်မြေပြင်ကွင်း ဆင်းသရုပ်ပြသခြင်းကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့၌ စာပေချစ်သူများအဖွဲ့(Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Mar 23,2023
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ စာရေးဆရာမအေးဖြူရေးသားသည့် "ဖတ်မိသမျှတွေ မျှဝေပေးဖို့"စာအုပ်ဖြင့် Book   Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club)အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Mar 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာဌေးမောင်ရေးသားသော "စကားသည်လူကိုစိုးမိုး၏"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Mar 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ချိန်တွင်အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယ၊ဉာဏ်ဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တပ်ရင်းတပ်ဖွဲ့များ၊ ဌာနအသင်းအဖွဲ့များနှင့် မြို့ပေါ်နေပြည်သူများသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆုံကုန်းကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ဘက်စုံသုံးအဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 23,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအုပ်စု၊ ကျောက်ဆုံကုန်းကျေးရွာ၌ ဘက်စုံသုံးအဆောက်အဦဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးကိုရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ဉီးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာနနှင့် လူမှုဝန်ထမ်းဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ရှမ်းကျောင်းကြီးဘုန်းတော်ကြီးကျောင်း နှီးဘုရားကြီး ဓမ္မာရုံတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရမည်းသင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးကျင်းပ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book  Club အသင်းနှင့်ကျောင်းသားလူငယ်များ ပူးပေါင်း၍စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် စာဖတ်ရှိန်မြှင့်တင်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီခွဲက ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌  ကျင်းပပြုလုပ်ခဲ့သည်။