လှိုင်းဘွဲမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

လှိုင်းဘွဲ  မတ်  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ချိန်တွင်အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယ၊ဉာဏ်ဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြိုင်ပွဲများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိစေရန်နှင့်ကာယ၊ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာအုပ်စာစောင်များပြသခြင်း၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံစာစောင်များ ပြသခြင်း၊ ရုပ်ပုံများ အသုံးပြု၍ အင်္ဂလိပ်/မြန်မာစာ စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ စာအုပ်ခေါင်းရွက်သယ် ပြိုင်ပွဲ၊ သရေကွင်း လက်ဆင့်ကမ်းပြိုင်ပွဲနှင့် မျက်လုံးပိတ် အုန်းသီးရိုက်ပွဲပြိုင်ပွဲတို့ကို ကျင်းပကာ ကျောင်းသား၊ကျောင်းသူများက ပျော်ရွင်စွာယှဉ်ပြိုင် ကစားခဲ့ကြကြောင်း  သိရသည်။

စောဒိ(ပြန်/ဆက်)