ဟုမ္မလင်း၌ လက်ဖက်တောင်သူများအား Farmer to Farmer Exchange Programme အစီအစဉ်ဖြင့် အတွေ့အကြုံနှီးနှောဖလှယ်ခြင်းနှင့်မြေပြင် ကွင်းဆင်း သရုပ်ပြသ

ဟုမ္မလင်း  မတ်   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေး၌ ယနေ့နံနက် :ဝဝ နာရီအချိန်တွင် Farmer to Farmer Exchange Programme ဖြင့် လက်ဖက်စိုက်တောင်သူများအား ဖိတ်ခေါ်၍ လက်ဖက်စိုက် တောင်သူများအချင်းချင်း အတွေ့အကြုံ နှီးနှောဖလှယ်ခြင်းနှင့်မြေပြင်ကွင်း ဆင်းသရုပ်ပြသခြင်းကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် သမရိုးကျ လက်ဖက်ထုတ်လုပ်မှုထက် ခေတ်မီနည်းစနစ်ဖြင့် လက်ဖက်ထုတ်လုပ်မှု လုပ်ငန်းစဉ်များအကြောင်းနှင့် Farmer to Farmer Exchange Programme 328အစဉ်ဖြင့် လက်ဖက်တောင်သူများကို ဖိတ်ခေါ်၍ နှီးနှောဖလှယ်ဆွေးနွေးခြင်းအားဖြင့် လက်ဖက် စိုက်တောင်သူများ မိမိတို့လက်ရှိဆောင်ရွက်နေသော လက်ဖက်လုပ်ငန်း အားနည်းချက်အား သာချက်များနှင့် လက်ဖက်လုပ်ငန်းပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အပြန်အလှန်ဆွေးနွေးပေးပါရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယလက်ထောက် ဦးစီးမှူး ဒေါ်မိုးမိုးပိုင် မှ လက်ဖက်အထွက်နှုန်းနှင့် ခူးဆွတ်အကြိမ်ရေအပေါ် ကိုင်းဖြတ်ပြုပြင်ခြင်း၏ အကျိုးသက်ရောက်မှုများအကြောင်းကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ရာ လက်ဖက်စိုက်တောင်သူများက လက်ဖက်ကိုင်းဖြတ်ရ မည့်အချိန်ကာလနှင့် အကြိမ်ရေ၊ လက်ဖက်ခူးဆွတ်ရရှိမည့်အထွက်နှုန်းနှင့် လက်ဖက်ကိုင်း ဖြတ်ခြင်း ကုန်ကျစရိတ်တို့နှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် ခေါင်ခမ်းကျေးရွာအုပ်စုမာလာကွင်းပြင်ရှိ တောင်သူဦးသိန်းဖေ၏ မြရွက်စိမ်း လက်ဖက်ခြံသို့ သွားရောက်၍ လက်ဖက်ကိုင်းဖြတ်ပြုပြင်ခြင်းကို လက်ထောက်ဦးစီးမှူး ဦးအေလီယိုမှ လက်တွေ့ သရုပ်ပြသခဲ့ရာ လက်ဖက်ကိုင်းဖြတ်ခြင်း၏ အားသာချက်၊ အားနည်းချက်များကို တောင်သူအချင်းချင်းဆွေးနွေးဖလှယ်ကြပြီး တောင်သူဦးသိန်းဖေ၏ လက်ဖက်ကိုင်းဖြတ်ပြုပြင်ထားရှိမှုနှင့် လက်ဖက်မျိုးစေ့ပျိုးထောင်ထားရှိမှုများကို လေ့လာခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ်အတွင်း လက်ဖက်စိုက်ဧက (၉၄၁၃)ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ်လမည့် တခူးလ ရွှေဖီချိန်တွင် လက်ဖက်စိုက်တောင်သူများ လက်ဖက်ခူးဆွတ်ရန် ကြိုတင်ပြင်ဆင် လျက်ရှိပြီး ယနေ့ကျင်းပသည့် Farmer to Farmer Exchange Programme ဆွေးနွေးပွဲသို့ ခေါင်ခမ်းကျေးရွာနှင့်တုံလုံကျေးရွာတို့မှလက်ဖက်စိုက်တောင်သူ(၂၀)ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)