သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်‌ရေးကော်မတီအစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆက်လက်ကွင်းဆင်းစစ်ဆေး
Mar 23,2023
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဆ‌က်လက်ဖြေဆို
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာ‌မေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ မဟာသာသနာ့ဗိမာန်တော်တွင် ဆက်လက်ကျင်းပဖြေဆိုရာ ဓမ္မာစရိယစာမေးပွဲ ကြီးကြပ်ရေးဆရာတော် ဒေါက်တာဘဒ္ဒန္တနေမိန္ဒဦးစီး၍ စာမေးပွဲကြီးကြပ်ဆရာတော်များမှ စာဖြေသံဃာနှင့် သီလရှင်များ စိတ်အေးချမ်းစွာ စာဖြေဆိုနိုင်ရန် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၄၃ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၄၅ခုအား အကောင် အထည်ဖော်ဆောင်ရွက်
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၄၃ ရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၄၅ခုအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။  
ဟိုပုံးမြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်တွင် ဖွင့်လှစ်ထားသော စိုက်ပျိုး‌ရေးသွင်းအားစုအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂း၀၀နာရီအချိန်တွင်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် တိုက်ကွမ်ဒိုနှင့် အေရိုးဗစ်သင်တန်းဖွင့် လှစ်သင်ကြားနေမှုအား ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြည့်ရှု အားပေး
Mar 23,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစား သင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမို စိတ်ပါဝင်စားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊
ရေးမြို့နယ်တွင် ခရိုင်အဆင့်ခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတတိယနေ့ ဆက်လက်ကျင်းပ
Mar 23,2023
မွန်ပြည်နယ်၊ ရေးခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက တတိယနေ့အဖြစ် ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။