သတင်းများ

လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေး ‌ဟောပြောပွဲပြုလုပ်
Mar 23,2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့ ၁၁ နာရီအချိန်က ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဆရာ / ဆရာ မများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒိုက်ဦးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တပ်တွင်းမွေးမြူရေးခြံများအား ခြံဖျန်းပိုးသတ် ဆေးများ လိုက်လံဖျန်းပေးခြင်း လုပ်ငန်းဆောင်ရွက်
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အမှတ် ၄၄၀ ခြေမြန်တပ်ရင်းအတွင်းရှိ မွေးမြူရေးခြံများအား ခြံဖျန်းပိုးသတ်ဆေးများ လိုက်လံ၍ဖျန်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီမှစတင်၍ သွားရောက် ဖျန်းပေးခဲ့ကြောင်း သိရသည်။
နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး
Mar 23,2023
လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြော ဆွေးနွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ ဘာဒိုရပ်ကွက်ရှိ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ ကျိုက်ထီးရိုးဒေသ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်
Mar 23,2023
ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မီးသတ်ဦးစီးဌာနမှ ကျိုက်ထီးရိုးနယ်မြေမီးသတိပြုရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးစေတီတော် ထမင်းဆိုင်တန်း၌ ပြုလုပ်ခဲ့ကြသည်။
ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ အစင်စံပြကျေးရွာရှိ ငါးအအေးခန်းစက်ရုံများနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 23,2023
မွန်ပြည်နယ်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ် အစင်စံပြ​ကျေးရွာအတွင်းရှိ ငါးအအေးခန်းစက်ရုံ၊ ဥစားကြက် မွေးမြူရေးခြံ၊ ဘဲမွေးမြူရေးခြံများနှင့် နေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့​ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခွဲ (၂၅)တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
သံဖြူဇရပ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်
Mar 23,2023
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်ချောင်းမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲကျင်းပ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အားကစားသမားများနှင့် မြို့ပေါ်ရပ်ကွက်များမှ အားကစားသမားများက မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲကို မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက သရက်ချောင်းမြို့၊ ပန်းတောဘော်လုံးကွင်းတွင် ကျင်းပခဲ့သည်။