သတင်းများ

တာမွေမြို့နယ်တွင် ကမ္ဘာ့ရေသယံဇာတနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော ကမ္ဘာ့ရေသယံဇာတနေ့ အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးခဲ့သည်။
လပွတ္တာမြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍နွေရာသီ အခြေခံ အားကစားသင်တန်းများကို မတ်လ ၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ယ​နေ့နံနက် ၈ နာရီချိန်က သင်တန်းဆင်းပွဲ အခမ်းအနားကို ရဲတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စုကလိမြို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2023
မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှအခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့နေ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အ.ထ.က(၄)တွင် မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
စာဖတ်သူများ လက်ဝယ်အရောက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်စာစောင် အသစ်များအခမဲ့ ငှားရမ်းပေး
Mar 23,2023
စာအုပ် စာပေများ စဉ်ဆက်မပြတ် လေ့လာဖတ်ရူခွင့်ရရှိစေရန်ရည်ရွယ်၍ အပတ်စဉ်မိုဘိုင်းစာငှားစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီမှစ၍ စာဖတ်သူများ ရှေ့မှောက်အရောက် လှည့်လည်ငှားရမ်းပေးခဲ့ကြသည်။
စုကလိမြို့တွင် ကလေးအလုပ်သမားများအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ပြုလုပ်
Mar 23,2023
ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ခေါင်းစဉ်နှင့်အညီ စုကလိမြို့နေပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမားများအကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟော‌ပြောပွဲနှင့်နံရံကပ်စာစောင်ပြသ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က ကျင်းပ‌ပြုလုပ်ခဲ့သည်။
ကျေးလက်ရေပေးရေး၊ ကုန်ထုတ်လမ်းလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ကျေးရွာများအား လုပ်ငန်းလွှဲပြောင်းပေးအပ်
Mar 23,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးလက်ရေပေးရေး၊ ကုန်ထုတ်လမ်းလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများအား လုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျေးလက်ရုံး၌ ယနေ့နံနက် ၁၀ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။