သတင်းများ

ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မဗိမာန်တော်ကြီးတွင် ရဟန်း၊ သာမဏေများနှင့် သီလရှင်များ အစိုးရဓမ္မစရိယ စာမေးပွဲ ဆက်လက်ဖြေဆို
Mar 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရဓမ္မစရိယစာမေးပွဲ၏ ကျမ်းရင်းသီလက္ခန္ဓပါဠိအဋ္ဌကထာ(၁) ဘာသာရပ်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ် ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉)နာရီခန့်က အမှတ်(၄) ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ 
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကို  ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူအချို့ မိုးဦးသီးနှံစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများသည် မိုးသီးနှံအဖြစ် နှမ်း၊ ပြောင်း၊ ပဲတီစိမ်း၊ ခရမ်း၊ ငရုတ်သီးနှံများနှင့် မီးဖိုချောင်သုံး သီးနှံများစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူအချို့တွင် မိုးကြိုငရုတ်သီးနှံများ စိုက်ပျိုးရန်အတွက် သဘာဝမြေဩဇာအဖြစ် နွားချေးများထည့်သွင်းအသုံးပြု၍ စိုက်ကွက်များ မြေပြုပြင်လျက်ရှိကြောင်း သိရသည်။
နွေဦးရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေလှူဒါန်း
Mar 23,2023
မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်ကြီး ၄ ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူ အကျိုးပြုလုပ်ငန်းစဉ်တွင် တစ်ခုအပါအဝင်ဖြစ်သော သောက်သုံးရေလှူဒါန်းခြင်း လုပ်ငန်းများကိုလည်း နှစ်စဉ်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကာလ အခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ
Mar 23,2023
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစား သင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း၊ (CFW)လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်း၊ (CFW)လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်၊ ချီဖွေခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်မည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 23,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကိုကိုအောင်၊ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ)နှင့် ခရိုင်တာဝန်ခံ အင်ဂျင်နီယာ ဦးမုန်းရှငွေ၊ ဦးစီးအရာရှိ (နည်းပညာ) တို့သည် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းတွင်