ကျောက်တံခါး မတ် ၂၃
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ စာရေးဆရာမအေးဖြူရေးသားသည့် "ဖတ်မိသမျှတွေ မျှဝေပေးဖို့"စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်အေးအေးသင်းက"ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရယ် "ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်ပြီး တက်ရောက်လာသူများက “လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးအကြောင်း သိကောင်းစရာ”၊ “လူကုန်ကူးမှုနှင့် အမျိုးသမီးငယ်တို့ဘဝ” ၊ “အဟန့်အတားများမှ ရုန်းထွက်နိုင်ကြပါစေ” ခေါင်းစဥ်များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)