ကျိုက်ထိုမြို့နယ်၌ ကျိုက်ထီးရိုးဒေသ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

ကျိုက်ထို   မတ်    ၂၃

ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မီးသတ်ဦးစီးဌာနမှ ကျိုက်ထီးရိုးနယ်မြေမီးသတိပြုရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးစေတီတော် ထမင်းဆိုင်တန်း၌ ပြုလုပ်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးဝေယံအောင်၊ ကျိုက်ထီးရိုးနယ်မြေတာဝန်ခံ ဦးအောင်ငြိမ်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားရာ၌ ကနဦးဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားပြီး ရှာဖွေကယ်ဆယ်ခြင်းကဏ္ဍများကို ကျိုက်ထီးရိုးဂေါပကအဖွဲ့များ၊ ရင်ပြင်တော်ဈေးသူဈေးသားများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့များမှ ပူးပေါင်းသရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျိုက်ထီးရိုးနယ်မြေစခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်