သတင်းများ

ဂွမြို့နယ်တွင် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် မြစိမ်းရောင်ရန်ပုံငွေထုတ်ချေး
Mar 23,2023
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျေးရွာများအလိုက် မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ  ဂွမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) ရွာအတွက် မြစိမ်းရောင်ရန်ပုံငွေများကို မြို့နယ်မြစိမ်းရောင် လုပ်ငန်းအဖွဲ့ရှေ့မှောက်တွင် ထုတ်ချေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Mar 23,2023
‌ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၃ခုနှစ် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသား(အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲကို (၁၈-၃-၂၀၂၃) ရက်နေ့မှ (၂၃-၃-၂၀၂၃) ရက်နေ့အထိ ကျင်းပဆောင်ရွက်လျက်ရှိရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ က ကော့ကရိတ်ခရိုင် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့တွင် ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
Mar 23,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ငါး/ပုစွန် သယံဇာတများ မျိုးပြုန်းတီးနိုင်မှုမရှိစေဘဲ ရေရှည်ထုတ်လုပ်စားသုံးနိုင်ရေးအတွက် ရေငန်ပုစွန်သားပေါက်မျိုး စိုက်ထည့် ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပခဲ့သည်။
တောင်သာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပျိုးထောင်
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီ ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပင် ပျိုးထောင်ထားရှိပြီး ရပ်ကွက်/ ကျေးရွာ၊ ဌာန ဆိုင်ရာများ၊ ကျောင်းများအတွင်း ၂၀၂၃ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးရန် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မလှိုင်မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ နှင့် ပရဟိတလူမှု ကူညီရေးအသင်းများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတလူမှု ကူညီရေးအသင်းများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်တော်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Mar 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယမန်နေ့နံနက် ၇နာရီခွဲမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Mar 23,2023
၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ စာဖတ်ပရိသတ်များ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။
လောင်းလုံးမြို့၌ အသင်းအဖွဲ့ဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။