ဒိုက်ဦးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တပ်တွင်းမွေးမြူရေးခြံများအား ခြံဖျန်းပိုးသတ် ဆေးများ လိုက်လံဖျန်းပေးခြင်း လုပ်ငန်းဆောင်ရွက်

                                                                                                                  ဒိုက်ဦး  မတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အမှတ် ၄၄၀ ခြေမြန်တပ်ရင်းအတွင်းရှိ မွေးမြူရေးခြံများအား ခြံဖျန်းပိုးသတ်ဆေးများ လိုက်လံ၍ဖျန်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီမှစတင်၍  သွားရောက် ဖျန်းပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတပ်ရင်းအတွင်း နွား၊ ကြက်၊ ဝက် မွေးမြူကြသည့် မွေးမြူရေးခြံများ၌ ခြံဖျန်းပိုးသတ်ဆေးများ လိုက်လံဖျန်းပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်လင်းမှ မွေးမြူရေးခြံများ ဇီဝလုံခြုံမှုကောင်းမွန်ပြီး ကူးစက်ရောဂါများဖြစ်ပွားမှု မဖြစ်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခြံဖျန်းပိုးသတ်ဆေးများ လိုက်လံဖျန်းပေးခြင်းဖြစ်ကြောင်း၊ ခြံဖျန်းပိုးသတ်ဆေးများကို အသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပေးပြီး နွား၊ ကြက်၊  ဝက်မွေးမြူကြသည့် မွေးမြူရေးခြံများအား ခြံဖျန်းပိုးသတ်ဆေးများ လိုက်လံဖျန်းပေးခဲ့သည်။

အဆိုပါ ခြံဖျန်းပိုးသတ်ဆေးများ လိုက်လံဖျန်းပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)