မိုင်းယောင်း မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်မြတ်ကြီးကို ဘုရားဖူးများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ယနေ့တွင် “ဖြူစင် မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသင်း” မှ အသင်းသူ၊ အသင်းသားများက စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုခဲ့သည်။
သံလွင်အရှေ့ပိုင်းတွင် တန်ခိုးကြီးပြီး ထင်ရှားကျော်ကြားသော ဆံတော်ရှင် ထပ်လုံ (ဓာတ်လုံ စွမ်ယောင်း)စေတီတော်မြတ်ကြီးကို ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူး များ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ခစဖ/မစဖဥက္ကဋ္ဌ အဖွဲ့၊ ခစဖ/မစဖ အဖွဲ့ ဝင်(၁) အဖွဲ့၊ ခစဖ/မစဖအဖွဲ့ဝင်(၂) အဖွဲ့၊ ခစဖ/မစဖအဖွဲ့ဝင်(၃) အဖွဲ့၊ ခစဖ/မစ ဖအတွင်းရေးမှုး အဖွဲ့၊ ရပ်ကွက်(၂) အဖွဲ့၊ ရပ်ကွက်(၃) အဖွဲ့၊ ရပ်ကွက်(၄) အဖွဲ့၊ ရပ်ကွက်(၅) အဖွဲ့၊ ရပ်ကွက်(၇) အဖွဲ့၊ ရပ်ကွက်(၈) အဖွဲ့၊ ရပ်ကွက်(၉) အဖွဲ့၊ “ဖြူစင် မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအသင်း” အဖွဲ့၊ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အဖွဲ့တို့မှ အလှည့်ကျဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို နေ့စဉ် လုပ်အားဒါနပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း