ပေါင် မတ် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပေါင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ နောက်ဆုံးနေ့ ပို့ချလျက်ရှိကြောင်း သိရသည်။
ထိုသင်တန်းသို့ ပေါင်မြို့နယ်မှ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ(၄၄၀)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ(၁၄)ဦးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် (၄)ရက်ကြာသင်ကြား ဆွေးနွေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့နယ် ပညာရေးမှုးရုံးအနေဖြင့် ယခုလိုစွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် ဆရာ/ ဆရာမများ အရည်အချင်းပိုမိုပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ သင်တန်းများ၊ ဆွေးနွေးပွဲကိုအခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပြသလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)