လယ်ဝေး မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ် ၄ ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်နှစ်လုံးပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများသို့ ယမန်နေ့ညနေပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများဖြစ်သည့် အိမ်ဆောက်အထောက်အကူပစ္စည်း တစ်စုံစီ၊ မိသားစုသုံးပစ္စည်း တစ်စုံစီ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း နှစ်စုံစီ၊ ရေသန့်ပုံး တစ်ပုံးစီတို့ကို နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်လင်းတို့က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက်)