ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ဇမ္ဗူသီရိ  မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ် (၅) နှင့် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတို့၌ အခြေခံပညာအထက်တန်းအဆင့် (ခရိုင်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့မှစတင်ကာ ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါဆွေးနွေးပွဲတွင် ပျဥ်းမနားခရိုင်နှင့် လယ်​ဝေးခရိုင်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ (၁၁၈၂) ဦးတို့သည် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲသင်တန်းအား တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမ (၆၁) ဦးတို့မှ သင်ကြားပို့ချခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ယနေ့အထိ လေးရက်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)