သိန္နီ မတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မောက်ဟွမ်ဆုန် မူလတန်းကြိုကျောင်း ကျောင်းဆင်းပဒေသာကပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် သိန္နီမြို့နယ်ကွန်ရက်ကိုယ်စား ဆရာမ ဒေါ်နန်းလှကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မောက်ဟွမ်ဆုန်မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် သင်ယူပြီးမြောက်သွားသော ကလေးငယ်များအား ကျောင်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ မောက်ဟွမ်ဆုန် မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ကလေးငယ်များအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)