လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လူတိုင်းအကျုံးဝင်ပညာရေး (၃)နှစ်တာ စီမံကိန်းအရ ဆောင်ရွက်နေသောလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

လှိုင်သာယာ(အနောက်ပိုင်း)   မတ်လ (၂၄)

ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊ ရွှေရင်အေးဘုရားလမ်းရှိ အ.ထ.က (၁၃)အခြေခံပညာအထက်တန်းကျောင်းသို့ လူတိုင်းအကျုံးဝင်ပညာရေး(၃)နှစ် စီမံကိန်းအရ ဆောင်ရွက် နေသော လုပ်ငန်းများကို App Japan မှ Programme Coordinator ဖြစ်သူ ဂျပန်နိုင်ငံသူ Ms Yuka Shinizu အဖွဲ့နှင့် ဒုမြို့နယ်ပညာရေးမှူးဦးစိုးမြင့်အောင်တို့မှ ယမန်နေ့ နံနက် (၀၉း၀၀) နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လုပ်ငန်းကို App Japan Association For Aid Relief Japan နှင့်ပူးပေါင်း၍ လူတိုင်းအကျုံးဝင်ပညာရေး(၃)နှစ်တာစိမံကိန်းအရ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ကျောင်းဝန်းအတွင်း မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော နေရာများဖြစ်ရန် ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများအား App Japan မှ Programme Coordinator ဖြစ်သူ ဂျပန်နိုင်ငံသူ Ms Yuka Shinizu အဖွဲ့နှင့် ဒုမြို့နယ်ပညရေးမှူးဦးစိုးမြင့်အောင်တို့မှ လာရောက်ကြည့် ရှု့စစ်ဆေးခဲ့ပြီး အ.ထ.က(၁၃)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းအေးအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြင့်ဇော်