မိုင်းယောင်းမြို့ ဝမ်မွန်မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိုင်းယောင်း  မတ်  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဝမ်မွန် မူလတန်းကြိုကျောင်း၌ ယမန်နေ့က ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေလွင်နှင့် ဝမ်မွန်မူလတန်းကြိုကျောင်းမှ ဆရာမ ဒေါ်နန်းရှဲန်ရွက်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းဆင်း ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ကြသည်။

ထို့နောက် ဝမ်မွန်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပဒေသာအကများ၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း