ဒဂုံ​မြို့သစ်(တောင်ပိုင်း) မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဆင်းပွဲကျင်းပ

ဒဂုံတောင် မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နွေရာသီအခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊   သင်တန်းနည်းပြများဖြစ်ကြသည့်  ဆရာကျောက်ဆူး၊ ဆရာကြယ်ကြယ်တို့က သင်တန်းပထမနေ့အဖြစ် အခြေခံမျဉ်းကြောင်းရေးဆွဲနည်း၊ ဒုတိယနေ့အဖြစ် မျဉ်းကွေးများ၊ တြိဂံများနှင့် စက်ဝိုင်းရေးဆွဲနည်းများ၊ တတိယနေ့အဖြစ် ပန်းချီကားဖန်တီးမှုအတွေး အခေါ်များ၊ အရောင် သဘောတရားများ၊ စတုတ္ထနေ့တွင် ပန်းချီကားရေးဆွဲရန် အရောင်သဘောတရားများ၊ ပဉ္စမနေ့တွင် သက်မဲ့အရာဝတ္ထုရေးဆွဲနည်း၊ ပုံဖမ်းရေးဆွဲနည်း၊ ဆဌမနေ့တွင် Tone colour အနီးအဝေးသဘောတရားများသင်ကြားပေးပြီး ယနေ့သတ္တမမြောက်နေ့တွင် သင်ခန်းစာအားလုံးပေါင်းချုပ်ကာ ပန်းချီကားတစ်ချပ် ဖန်တီးရေးဆွဲခြင်း သင်ကြားပေးခဲ့ပုံများကို အနှစ်ချုပ်ရှင်းလင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာများအား ပြန်/ဆက်ဦးစီးဌာနက ဂါရဝပြုလက်ဆောင် ချီးမြှင့်ခြင်း၊ ကျောင်းသူတစ်ဦးက ဂါရဝပြုကန့်တော့ခြင်းများဆောင်ရွက်ကြကြောင်းနှင့် အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာဖြင့် အသုံးချတတ်ပြီး၊ အခြေခံပန်းချီရေးဆွဲနည်း တက်မြောက်စေရန် ရည်ရွယ်၍ သင်တန်းကို ၁.၃.၂၀၂၃ ရက်နေ့မှ ၂၅.၃.၂၀၂၃ ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း  သိရသည်။

သက်မင်းဟန် (ပြန်/ဆက်)