ဖောင်းပြင် မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ စိုက်ပျိုးရေမလုံလောက်မှုနှင့် နယ်မြေဒေသမအေးချမ်းမျုကြောင့် စပါးစိုက်ဧကမှာ ယခင်နှစ်များထက် လျော့နည်းခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။
ယခင်နှစ်က နွေစပါးစိုက်ဧက ၆၄၂၂ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် စပါးစိုက်ဧက ၆၈၇၉ဧက စိုက်ပျိုးနိုင်ရန် လျာထားသော်လည်း ၆၁၃၉ဧကသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခင်နှစ်ထက် စိုက်ဧက ၂၈၃ဧက လျှော့နည်းခဲ့ကြောင်း၊ ထိုသို့လျှော့နည်းခဲ့ခြင်းမှာ ပိုးစာကုန်းကျေးရွာအုပ်စုတွင် မြစ်ရေဝင်ရောက်မှုမရှိခဲ့သဖြင့် စိုက်ပျိုးရေလုံလောက်စွာမရရှိခြင်း သငါကျေးရွာအုပ်စုတွင် နယ်မြေဒေသမအေး ချမ်းမှုကြောင့် စိုက်ဧကလျှော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)