စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

စဉ့်ကိုင် မတ်   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များစာပေနှင့်ထိတွေ့၍ စာဖတ်သည့်အ‌လေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အထိမ်းအမှတ်နေ့ရက်များအား သိရှိစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်‌စေရန်တို့ကိုရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် (၉)နာရီက  (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်  ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက တပ်မတော်နေ့အကြောင်း သိကောင်းစရာများကို လည်းကောင်း၊  တရုတ်စုအလယ်တန်းကျောင်း အုပ်ဆရာမ ဒေါ်နီနီက တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးဟော ပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်လဲ့လဲ့အောင်က ပြိုင်ပွဲစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ပြီးကျင်းပခဲ့ရာ ကျောင်းသား/သူ (၁၀ )ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ၀င်ကလေးငယ်များအား ပုံဆွဲစာအုပ်နှင့်ခဲတံများကိုအမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ပညာရေး၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း Woman Club၊ Youth Club အဖွဲ့၀င်များနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စစဉ့်ကိုင်)