ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပုံတူပန်းချီရေးဆွဲခြင်းသင်တန်းနှင့် ကဗျာ၊ တေးအလင်္ကာ ရေးစပ်သီကုံးခြင်း သင်တန်းဆင်းပွဲပြုလုပ် 

ဒဂုံဆိပ်ကမ်း မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က ပုံတူပန်းချီရေးဆွဲခြင်း သင်တန်းနှင့် ကဗျာ၊တေးအလင်္ကာ ရေးစပ်သီကုံးခြင်း သင်တန်းဆင်းပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင်ကူညီပံ့ပိုးပေးခဲ့ပါသော မြန်မာအင်တာကို လူမှုကူညီရေးအသင်း၊ အရှေ့ပိုင်းခရိုင်ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊မြို့နယ် ပန်းချီအစည်းအရုံးအတွင်းရေးမှူး ပန်းချီ၊ဇာတ်ညွှန်းဒါရိုက်တာ မောင်ရူပါတို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး သင်တန်းသား/သူများအား တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့သည်။

 အဆိုပါ သင်တန်းကို ()ပတ်ကြာ သင်ကြားပို့ချခဲ့ရာ သင်တန်းသား/သူ(၁၈)ဦး တက်ရောက်ခဲ့ကြပြီး မွမ်းမံသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့် သင်တန်းသား/သူများအား မြန်မာအင်တာကိုလူမှုကူညီရေးအသင်း၊ အရှေ့ပိုင်းခရိုင်ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးက အာဟာရဒါနများကျွေးမွေးခဲ့ကြောင် းသိရသည်။   

အေးမဉ္ဇူ