လှည်းကူးမြို့နယ်၌ စာအုပ်စာစောင်များလှူဒါန်းပွဲကျင်းပ

လှည်းကူး  မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ လှူဒါန်းသည့် စာအုပ်စာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်လေးတိုက်တို့အား ပြန်လည်ပေးအပ်လှူဒါန်းပေးခြင်းကို ယနေ့နံနက်၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲတွင် မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာအုပ်စာစောင်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်လေးတိုက်တို့မှ စာကြည့်တိုက်မှူးများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့က လှူဒါန်းထားသော စာအုပ်စာစောင်များကို မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်နှင့် မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီကော်မတီအဖွဲ့ဝင် ဦးကျော်နိုင်ထွန်းတို့က ဘဝအလင်းအိမ်စာကြည့်တိုက်၊ အလင်းရောင်စာကြည့်တိုက်၊ ပညာအလင်းစာကြည့်တိုက် (အုန်းနှဲကုန်း)၊ ပညာ့အလင်းစာကြည့်တိုက် (ကပျဥ်ရိုး)စာကြည့်တိုက်များက စာကြည့်တိုက်မှူးများထံသို့ ပြန်လည်၍ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)