လဟယ်မြို့နယ် တိုက်ရံကျေးရွာ၊ တိုက်ရံလွင်ပြင်နေကြာစိုက်ခင်းတွင် စိုက်ပျိုးနည်းစနစ် ပြပွဲ Farmer to Farmer လေ့လာရေးကွင်းဆင်းဆောင်ရွက်

လဟယ် မတ်လ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒေသတာ၀န်ခံ ဦးသိန်းထွန်တင်၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဇာနည်၀င်း၊ လဟယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းလင်းနှင့် ၀န်ထမ်းများ၊ တောင်သူ (၂၅) လိုက်ပါ၍ ယမန်နေ့က လဟယ်မြို့နယ်တိုက်ရံကျေးရွာ တောင်သူ ဦးညမ်းပေါင်နေကြာ စိုက်ခင်းသို့ farmer to farmer လေ့လာရေးကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးစပါးပြီးလျှင် သီးညှပ်စိုက်ပျိုးနည်းများ၊ မိုးစပါးအချိန်မှီ စိုက်ပျိုးနိုင်ခြင်းနှင့် စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို တောင်သူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

လဟယ် (ပြန်ဆက်)