(၇၈) နှစ် မြောက် တပ်မ​တော်နေ့ အထိမ်းအမှတ်အဖြစ် ရေတာရှည်မြို့ ဘိုးဘွားရိပ်သာ၌ ဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်း

ရေတာရှည်  မတ်  ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၇၈ နှစ် မြောက် တပ်မ​တော်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယ​နေ့နံနက်ပိုင်းက ရေတာရှည်မြို့ ဘိုးဘွားရိပ်သာ၌ အဘိုး၊ အဘွားများအား ဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်းခဲ့​ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ဘိုးဘွားရိပ်သာရှိ ဘိုး/ဘွား (၂၃)  ဦးအတွက် နံနက်စာ လှူဒါန်း​ကျွေး​မွေးခဲ့ပြီးနောက် ဆန် နှင့် ဆီများအား ထောက်ပံ့​လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)