နယ်စပ်ရေးရာဝန်ကြီးဌာနက လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်း

လွိုင်လင် မတ် ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းပေး လျက်ရှိပါသည်။

ယင်းသို့လှူဒါန်းရာတွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ စွန်းလွန်းဝိပဿနာကမ္မဌာန်း ကျောင်းတိုက်နှင့် နမ့်စန်မြို့နယ်၊ ရတနာမာန်အောင်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသို့လည်း ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင် နှင့် ဝန်ထမ်းများမှ ယနေ့နံနက်က ဆွမ်းဆန်တော်၊ ဆီဆားနှင့် ကုလားပဲများ သွားရောက် ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်