မိုင်းတုံမြို့၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ကျင်းပ

မိုင်းတုံ   မတ်  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ၊အမှတ်(၂၂၅) ခြေလျင်တပ်ရင်းအတွင်းရှိစုပေါင်းတန်းစီကွင်း၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က (၇၈) နှစ်မြောက် တပ်မတော်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းကို မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးက ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် အဖွဲ့များ၊ နယ်ခံတပ်ရင်းတပ်ဖွဲ့မှအရာရှိ အရာခံစစ်သည် (၁၆၀)ဦး၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)