မိုင်းပန်မြို့နယ်၌ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပ

မိုင်းပန် မတ် ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစ၍ စတင်ကျင်းပလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးတင်မင်းလတ်က အဖွင့်အမှာစကား ပြောကြားပြီး တပ်မတော် အရာရှိများ၊ စစ်သည်တော်များအား လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆကါဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက်တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ပြီး ညနေအချိန်ပိုင်းတွင် အငြိမ့်သဘင်များဖြင့် ဖျော်ဖြေကပြသွားမည်ဖြစ်ကြောင်းနှင့် ဗလာမပါကံစမ်းမဲစနစ်ဖြင့် တပ်မတော်အရာရှိများ၊ စစ်သည်တော်များအား ပေးနှိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်မှိုင်း(ပြန်ဆက်)