ဘိုကလေး မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရ မြို့လယ်လမ်းမကြီး ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ်လမ်းသစ်အား ယနေ့နံနက် (၉) နာရီတွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဘင်ခရာတပ်ဖွဲ့နှင့်အတူ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ်လမ်းသစ်အား (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ဘိုကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရန်ပုံငွေကျပ် (၂၉.၈၂) ကျပ်သန်းဖြင့် လမ်းအရှည် (၄၅၀)ပေ၊ အကျယ်(၂၄)ပေ၊ အထူ(၈)လက်မဖြင့် (၂၀၂၂) ခုနှစ်၊ စက်တင်ဘာ၊ (၂၂) ရက်နေ့က စတင်ခင်းကျင်းခဲ့ပြီး (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာ၊ (၁၅) ရက်နေ့တွင် ကွန်ကရစ်လမ်းခင်းကျင်းခြင်း လုပ်ငန်းပြီးဆုံးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)