သတင်းများ

ကျိုက်ထိုမြို့၌ စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရဓမ္မာစရိယ ပထမပြန်စာမေးပွဲအောင်မြင်တော်မူသော သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Mar 28,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အစိုးရဓမ္မာစရိယ ပထမပြန် စာမေးပွဲတွင်ဖြေဆို အောင်မြင်တော်မူကြသည့် သံဃာတော်(၂၄) ပါးတို့အားစာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုဆက်ကပ်ခြင်း အခမ်းအနားကို သာသနာတော် သက္ကရာဇ် ၂၅၆၆ ခု မြန်မာသက္ကရာဇ် ၁၃၈၄ ခု ယမန်နေ့ နေ့လည် ၁ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပရေး စီစဉ်ဆောင်ရွက်ထားရှိ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စာဖြေဌာနတွင် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ‌ ဖြေဆိုကျင်းပနိုင်ရေးအတွက် အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်ရှိ ဝိဇယဓမ္မာရုံနေရာ၌ ယနေ့ မတ်လ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြသည်။
(၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပါ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 28,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို မြို့မဈေးကြီးနှင့် ကုန်သည်တန်းလမ်းဆုံတွင်   ယမန်နေ့ နံနက် ၁၁ နာရီကအချိန်က အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ် အောင်ဆန်း(၃) လမ်းစည်ပင် ပြည်သူပူးပေါင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Mar 28,2023
(၇၈)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍရေးနှစ် တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေနှင့် လမ်းနေပြည်သူများ၏ ထည်ငွေဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်‌ ရေကြည်မြို့အောင်ဆန်း(၃) လမ်းစည်ပင် ပြည်သူပူးပေါင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၆ ရက်နေ့ နံနက် (၉) နာရီ အချိန်က အဆိုပါ အောင်ဆန်း(၃)လမ်းထိပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၁၇၆၆၂)ဧက စိုက်ပျိုးပြီးဖြစ်
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၃၂၉၁၆)ဧက စိုက်ပျိုးရန်လျာထားပြီး နွေနှမ်းများစိုက်ပျိုးရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ ရေများပေးဝေလျက်ရှိရာ ရေရရှိမှုအပေါ်မူတည်ပြီး (၁၇၆၆၂)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အ.ထ.က(ပထက်) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တနင်္သာရီတိုင်း‌ ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်
Mar 28,2023
တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်း‌စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ကျွန်း‌ရွှေဝါ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ ယခင်ပုံမှန်ရက်များထက် ခရီးသည် ဝင်ရောက်မှုများပြားလျက်ရှိပြီး ယနေ့နံနက်ပိုင်းက ချောင်းသာကမ်းခြေတွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ့နှင့် မွန်မြတ်စေတနာကုသိုလ်ပြုလူငယ်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲပြုလုပ်
Mar 28,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲနှင့်မွန်မြတ် စေတနာ ကုသိုလ်ပြုလူငယ်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။