ဟုမ္မလင်း၌ သစ်သျူးနှင့် စက္ကူပန်းပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ဟုမ္မလင်း  မတ် ၂၇


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ သစ်သျူးနှင့် စက္ကူပန်းပြုလုပ်နည်းသင်တန်းကို ဟုမ္မလင်း သီတဂူ စက္ခုဒါနဆေးရုံခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဒုံစေ့က အဖွင့်အမှာစကား ပြော​ကြားရာတွင်အမျိုးသမီးများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးမှ စီးပွားဖြစ် လုပ်ကိုင်လာနိုင်စေရေး၊ နေ့စဉ်ဝင်ငွေများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီး
  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်ကိုပို့ချခဲ့ရာ သစ်သျူးနှင့်စက္ကူဖြင့် ဇလပ်ပန်းပြုလုပ်နည်း၊ ပန်းအိုအလှဆင်ထိုးနည်းကို လက်တွေ့ပြသသင်ကြားပေးခဲ့ကြောင်း၊ အဆိုပါ သင်တန်းသို့ ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၅၀ ဉီး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလ ၂ ရက်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ ဆက်)