သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့်အခြေခံပညာ ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်
Mar 28,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူ၌ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Mar 28,2023
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၃ (၁၃၈၄) ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် သာသနာ့ဗိမာန်တော်၌ မတ် ၂၈ ရက်မွန်းတည့် ၁၂ နာရီကစတင်ကျင်းပရာ မြို့နယ်အတွင်းရှိကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း မြို့နယ်သာသနာရေးမှူးဦးစိုးသူထံမှသိရသည်။
ပဲခူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေး
Mar 28,2023
ပဲခူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်(Mobile Library)ဖြင့် ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲမြန်အောင်၌ ကျင်းပပြုလုပ်
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က(၁)မြန်အောင် ပညာရတနာခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့တွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Mar 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ဟုမ္မလင်းမြို့နယ် သံဃာ့နာယကအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမ္မာန် (၂) ထပ်ဓမ္မာရုံတွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအား မတ်လ ၂၈ ရက် နေ့လယ်၁၂ နာရီအချိန်မှစတင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့၌ အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Mar 28,2023
နွားထိုးကြီးမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ထန်းငယ်တောကျောင်း စာသင်တိုက်၌ ယနေ့မွန်းတည့် (၁၂)နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။