ဟုမ္မလင်း မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ဟုမ္မလင်းမြို့နယ် သံဃာ့နာယကအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်၌ အစိုးရပါဠိ ပထမပြန်ဖြေဆိုရာတွင် အခြေပြု မူလတန်း (၃၂)ပါး၊ ပထမငယ်တန်း (၁၁)ပါး၊ ပထမလတ် (၃)ပါး စုစုပေါင်း(၄၆)ပါး ဖြစ်ပြီး၊ အဆိုပါ ပထမပြန်စာမေးပွဲကို မေလ(၂၈)ရက်နေ့မှ ဧပြီလ (၂)ရက်နေ့အထိ ဘာသာရပ်အလိုက်ဖြေဆို
ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုစဥ်အတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များမှ နေ့စဥ် ဆွမ်းကွမ်းဝေယျာဝစ္စများနှင့် လုံခြုံရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဖြည့်ဆည်းပံ့ပိုး လှူဒါန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)