အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲမြန်အောင်၌ ကျင်းပပြုလုပ်

မြန်အောင် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က(၁)မြန်အောင် ပညာရတနာခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်က ဆွေးနွေးပို့ချမည့်အကြောင်း အရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင် ပညာရေးမှူး ဦးမြင့်အောင်၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊  မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်နှင့် မြို့နယ်အတွင်းမှအခြေခံ ပညာမူလတန်းဆင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းဆင့် ဆရာ/ဆရာမ (၁၂၅၃) ဦးတက်ရောက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဝင်းဗိုလ်

မြန်အောင်(ပြန်/ဆက်)