ကန့်ဘလူ မတ် ၂၈
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၃ (၁၃၈၄) ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် သာသနာ့ဗိမာန်တော်၌ မတ် ၂၈ ရက်မွန်းတည့် ၁၂ နာရီကစတင်ကျင်းပရာ မြို့နယ်အတွင်းရှိကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း မြို့နယ်သာသနာရေးမှူးဦးစိုးသူထံမှသိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲသို့ အခြေပြုမူလတန်းတွင် ရဟန်း၊သာမဏေ၊ သီလရှင် ၃၈ ပါး၊ ပထမငယ်တန်းတွင် ၂၇ ပါး၊ ပထမလတ်တန်းတွင် ၆ ပါး၊ ပထမကြီးတန်းတွင် ၂၁ ပါးဖြေဆိုလျက်ရှိပြီး မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော် သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်သာသနာရေးမှူးနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက စာဖြေ ရဟန်း၊ သာမဏေ၊သီ လရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)