သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံမှ ဝန်ထမ်းများတွေ့ဆုံ၊ စက်ရုံအတွင်းလိုက်လံ ကြည့်ရှုစစ်ဆေး
Apr 07,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ  ဧပြီလ ၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ဒီဇယ်စက်ခေါင်းစက်ရုံ ရွာထောင်သို့ ရောက်ရှိပြီး ဒီဇယ်စက်ခေါင်းစက်ရုံ အထွေထွေမန်နေဂျာ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရှေးဦးစွာ ဒီဇယ်စက်ခေါင်းရုံ ထွေထွေမန်နေဂျာ ဦးအောင်ကျော်နိုင်က စက်ရုံ၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ အင်ဂျင်နီယာမှူး မြို့ပြတိုင်း-၂ ဦးစိုးမြင့်အောင်က ရထားလမ်းပိုင်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
စစ်ကိုင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ‌ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Apr 07,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ရဟန်း၊ ရှင်၊ လူ ဒေသခံပြည်သူ (၅၃၁)ဦးတို့အား စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမူတော်စေတီ ဝတ္တကမြေ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ပေါက်တောမြို့ရှိ အားကစားခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ခင်းကျင်းပြသ
Apr 07,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေါက်တောမြို့ရှိအားကစားခန်းမတွင် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက ခင်းကျင်းပြသကြသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက
လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင် လက်ဖက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ
Apr 07,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူ အချို့မှာ လက်ဖက်ပင်များကို နေအိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခဲ့ကြရာမှ မိမိတို့သောက်သုံးရန်အပြင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ပြောင်းဖူးတစ်နှစ်ပတ်လုံးစိုက်ပျိုးခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေသော လက်ပံခြေပေါ်ကျေးရွာများ ပြောင်းဖူးသာ စိုက်ပျိုးမှုများလာ
Apr 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာများသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင်တည်ရှိကာ လယ်ယာ၊ကိုင်း၊ကျွန်း၊ဥယျာဉ်ခြံမြေလုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေသောကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများစုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။
မိုးကောင်းမြို့ (Community Centre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Apr 07,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထွန်းသစ်စမူကြိုကျောင်းတို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကို Community Centre ခန်းမ၌ ယမန်နေ့ လယ်(၁)နာရီတွင် ကျင်းပခဲ့သည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Apr 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး သင်ခန်းစာမှတ်စု လက်စွဲ စာစောင်အား ဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Apr 07,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉နာရီက လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။