ဇလွန်မြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ဇလွန် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုရာတွင် ပထမကြီးတန်း ဖြေဆိုသံဃာ (၁၅)ပါး၊ ပထမလတ်တန်း ဖြေဆိုသံဃာ(၁၀)ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ(၃၄)ပါး၊ အခြေပြု မူလတန်း ဖြေဆိုသံဃာ (၅၇)ပါး စုစုပေါင်း စာဖြေသံဃာ(၁၁၆)ပါး ဝင်ရောက်ဖြေ ဆိုကြပြီး မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ  ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ်စာမေးပွဲများ ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)