လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ကျင်းပ

လေးမျက်နှာ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမ္မာန် (၂) ထပ်ဓမ္မာရုံတွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအား မတ်လ ၂၈ ရက် နေ့လယ်၁၂ နာရီအချိန်မှစတင် ကျင်းပပြုလုပ်ခဲ့သည်။

စာမေးပွဲပထမနေ့တွင် ပထမငယ်တန်းကို စာရင်းရှိ(၂၆)ပါး၊ ဖြေဆို(၂၄)ပါးနှင့် ပျက်ကွက် (၂)ပါးရှိကြောင်း၊ ပထမလတ်တန်းကို စာရင်းရှိ(၅)ပါး၊ ဖြေဆို(၄)ပါးနှင့် ပျက်ကွက်(၁) ပါးရှိကြောင်း၊ ပထမကြီးတန်းကို စာရင်းရှိ(၇)ပါး၊ ဖြေဆို(၇)ပါးနှင့် ပျက်ကွက်မရှိကြောင်း၊ အခြေပြုမူလတန်းကို စာရင်းရှိ(၃၂)ပါး၊ ဖြေဆို(၂၆)ပါးနှင့် ပျက်ကွက်(၆)ပါးရှိကြောင်းသိရသည်။ အဆိုပါစာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ ၃ရက်နေ့ အထိ(၇)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)