တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ (မူလတန်း) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မူလတန်းအဆင့် ဆရာ၊ ဆရာမများ၏ သင်ယူမှု၊ သင်ကြားမှု အရည်အသွေးမြင့်မားလာစေရန်နှင့် ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာကို ကျွမ်းကျွင်မှုရှိပြီး သင်ယူမှု၊ သင်ကြားမှု ထိရောက်စွာ တိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်အခြေခံပညာ (မူလတန်း) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က  အ.ထ.က (၁) သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးဒေါ်ခင်အေးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် သင်ကြားပို့ချရာမှ ရရှိလာတဲ့ပညာရပ်များ၊ အတွေ့အကြုံများ၊ အခက်အခဲ့များ၊ လိုအပ်ချက်များနှင့် မသိနားမလည်သည်များကို ဆရာ၊ ဆရာမများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးကြရန်နှင့် ဆရာ၊ ဆရာမများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် စသည်ဖြင့်ပြောကြားခဲ့သည်။

အဆိုပါဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ (၁၄၂) ဦးနှင့် ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမ (၄၃) ဦး စုစုပေါင်း (၁၈၅) ဦး တက်ရောက်ခဲ့ပြီး KG၊ Grade 1 မှ Grade 5 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ စစ်ဆေးအကဲဖြတ်ခြင်း) (ဂီတ၊ ကာယ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ) ဘာသာရပ်များကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီတာအေး